Saturday, January 16, 2016

Project (51) Sqlite database (ဓမ္မပဒ)

Project (51) Sqlite database (ဓမ္မပဒ)

Scripter မှာ Sqlite database အသုံးပြု ပုံကို နမူနာ ရေးပြထားပါတယ်။

အသုံးပြု နည်း
==========
၁။ database file ကို add assets file နဲ့ add ထားပါ။ အခုနမူနာမှာ dhamma.sqlite database file ကို သုံးထားပါတယ်။ ဒီ database ထဲမှာ dhammapada ဆိုတဲ့ table ရှိပါတယ်။ column အမည်တွေက rowid, col_1, col_2, col_3, col_4 တွေ ဖြစ်ပါတယ်။ rowid တွေကတော့ ဓမ္မပဒ စာပိုဒ် နံပါတ်တွေ ဖြစ်ပြီး 1 to 424 ရှိပါတယ်။ col_2 ကတော့ ဓမ္မပဒ မြန်မာလို စာပိုဒ်များ၊ col_4 ကတော့ အင်္ဂလိပ်လို စာပိုဒ်များ ဖြစ်ပါတယ်။

၂။ ဒီ database file ကို FileDirAssets ကနေ FileDirInternal ဆီကို ကူးထုတ်ရပါတယ်။

FileCopy(FileDirAssets,"dhamma.sqlite",FileDirInternal,"dhamma.sqlite")

၃။ database ထဲက dhammapada table ထဲကနေ မြန်မာလို စာပိုဒ် col_2 ကို ရှာဖွေဖို့ query တည်ဆောက်ရပါတယ်။ ဒီဥပမာ မှာတော့ edittext1 နဲ့ ရှာချင်တဲ့ စကားလုံးကို ရယူတယ်။ edittext2 နဲ့ စာပိုဒ်နံပါတ်ကို ရယူတယ်။ query တည်ဆောက်မှုကို နည်းလမ်း ၂မျိုးနဲ့ ဥပမာ ပြထားခြင်း ဖြစ်ပါတယ်။

qq="SELECT col_2 FROM dhammapada WHERE col_2 LIKE '%" & GetText("edt1") & "%'"

qq="SELECT col_2 FROM dhammapada WHERE rowid=" & GetText("edt2")

၎။ အထက်မှာ တည်ဆောက်ထားတဲ့ query string နဲ့ database ကို query လုပ်ယူပါတယ်။ ဒါဆိုရင် ရလာတဲ့ ရလဒ် record တွေကို cursor တခုအနေနဲ့ ပြန်ပေးပါတယ်။ ဒီ cursor ကို "cursor1" ဆိုတဲ့အမည်နဲ့ ခေတ္တ သိမ်းလိုက်ပါတယ်။

SQL_execquery(qq,"cursor1")

၅။ ရလဒ် cursor1 မှာ record ရှိရင် label1 မှာ display လုပ်ပြခိုင်းပါတယ်။

If (Cursor_getrowcount("cursor1")>0) Then
txt=""
For i=0 to Cursor_getrowcount("cursor1")-1
Cursor_setposition("cursor1",i)
txt=txt & Cursor_getString("cursor1","col_2") & crlf & crlf
Next

.....

SetText("lb1",txt)
AdjustlabelHeight("lb1")
SetHeight("pnl",GetHeight("lb1"))

================

Project sql.zip ဖိုင်ကို download လုပ်ဖို့ link ပေးထားပါတယ်။

Download  project zip file here


===========

နောက်ထပ် project အနေနဲ့ အသံထွက်ပေးနိုင်တဲ့ အင်္ဂလိပ် မြန်မာ dictionary ဖန်တီးနည်းကို တင်ပေးပါမယ်။

Project (49) Font installer

Scripter ကို အသုံးပြု ပြီး champagne.ttf ဆိုတဲ့ font ကို install လုပ်ပြထားတဲ့ sample ဖြစ်ပါတယ်။ ဒါကို ချဲ့ထွင် အသုံးပြု နိုင်ပါတယ်။ Project fontinstaller.zip ကို အောက်က link မှာ download လုပ်ပါ။


Click here to download